KNLAက လာပစ်လျှင် ကျေးရွာများ ကို ပစ်ခတ်မည် ဟု BGF ခြိမ်းခြောက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တကောင်ဘိုးကျေးရွာအုပ်စုအတွင်း BGF လှုပ်ရှားတပ်ဖွဲ့ဝင်​တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က လာရောက်ပစ်ခတ်ပါက KNU မိသားစုဝင်တွေ နေထိုင်တဲ့

ကျေးရွာတွေကို ပြန်လည်ပစ်ခတ်မယ်ဆိုပြီး BGF က ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ် (BGF) တပ်ခွဲ ၂ တပ်ခွဲမှူး ဗိုလ်တင်ဝင်းက အောက်တိုဘာလ ၂၇ ရက် မနက် ၁၀ နာရီလောက်က

ကေအန်ယူ၊ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘားအံမြို့နယ်၊ ဝဲပျံကျေးရွာအုပ်စုတွင်းက ပေပင်ဆိပ်(ဘုရားကုန်း) ကျေးရွာမှာ တကောင်ဘိုး၊ မဲလံနဲ့ နိုးကွားကျေးရွာတွေက ရပ်မိရပ်ဖတွေနဲ့ ရွာသူကြီးတွေကို

ခေါ်ယူ​ပြီးခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။ တကောင်းဘိုးကျေးရွာသားတစ်ဦးက “ကျေးရွာက လူကြီးတွေကိုခေါ်ပြီး ခြိမ်းခြောက်တာ ဟုတ်တယ်။ လက်နက်မဲ့ ပြည်သူတွေကို

လက်နက်အားကိုးနဲ့ လာ​ခြိမ်းခြောက်နေမယ့်အစား KNLA နဲ့ မျက်နှာချင်းဆိုင်ချလိုက်လေ။ BGF ဆိုတာ စစ်ခွေးနောက်လိုက်ဆိုတော့ ခွေးကျင့်ခွေးကြံပဲ တတ်တယ်။ သတ္တိရှိရင် ရွာတွေ လုပ်ကြည့်လိုက်လေ” လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို မလိုလားတဲ့ တကောင်ဘိုးကျေးရွာအုပ်စုမှာ ၁ လကို ရွာသူကြီး တယောက်နှုန်း ရွေးချယ်တင်မြှောက်ပြီး အုပ်ချုပ်ဖို့ ဗိုလ်တင်ဝင်းက အတင်းအဓမ္မ ခြိမ်းခြောက်ဖိအားပေး ​စေခိုင်းမှုတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

BGF ၁၀၁၄ တပ်ရင်းက ဒေသခံပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေနဲ့ ပူးပေါင်းပြီး ခြိမ်းခြောက်တာ၊ အတင်းအဓမ္မခိုင်းစေတာ၊ ပေါ်တာဆွဲပြီး လူသားဒိုင်းအဖြစ် လမ်းပြ ခိုင်းတာတွေ ပြုလုပ်နေတယ်လို့

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ရွှေ၊ ငွေတွေနဲ့ တိရစ္ဆာန်တွေကို ယူဆောင်သတ်ဖြတ်တဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို

ဆက်တိုက်ကျူးလွန် လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

………………..

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္ တေကာင္ဘိုးေက်း႐ြာအုပ္စုအတြင္း BGF လႈပ္ရွားတပ္ဖြဲ႕ဝင္​ေတြကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) က လာေရာက္ပစ္ခတ္ပါက KNU မိသားစုဝင္ေတြ ေနထိုင္တဲ့

ေက်း႐ြာေတြကို ျပန္လည္ပစ္ခတ္မယ္ဆိုၿပီး BGF က ၿခိမ္းေျခာက္ထားတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။ အမွတ္ ၁၀၁၄ နယ္ျခားေစာင့္တပ္ (BGF) တပ္ခြဲ ၂ တပ္ခြဲမႉး ဗိုလ္တင္ဝင္းက ေအာက္တိုဘာလ ၂၇ ရက္ မနက္ ၁၀ နာရီေလာက္က

ေကအန္ယူ၊ တပ္မဟာ ၁ ထိန္းခ်ဳပ္နယ္ေျမျဖစ္တဲ့ ဘားအံၿမိဳ႕နယ္၊ ဝဲပ်ံေက်း႐ြာအုပ္စုတြင္းက ေပပင္ဆိပ္(ဘုရားကုန္း) ေက်း႐ြာမွာ တေကာင္ဘိုး၊ မဲလံနဲ႔ ႏိုးကြားေက်း႐ြာေတြက ရပ္မိရပ္ဖေတြနဲ႔ ႐ြာသူႀကီးေတြကို

ေခၚယူ​ၿပီးၿခိမ္းေျခာက္ေျပာဆိုခဲ့တယ္လို႔ ေကအန္ယူက သတင္းထုတ္ျပန္ထားပါတယ္။ တေကာင္းဘိုးေက်း႐ြာသားတစ္ဦးက “ေက်း႐ြာက လူႀကီးေတြကိုေခၚၿပီး ၿခိမ္းေျခာက္တာ ဟုတ္တယ္။ လက္နက္မဲ့ ျပည္သူေတြကို

လက္နက္အားကိုးနဲ႔ လာ​ၿခိမ္းေျခာက္ေနမယ့္အစား KNLA နဲ႔ မ်က္ႏွာခ်င္းဆိုင္ခ်လိုက္ေလ။ BGF ဆိုတာ စစ္ေခြးေနာက္လိုက္ဆိုေတာ့ ေခြးက်င့္ေခြးႀကံပဲ တတ္တယ္။ သတၱိရွိရင္ ႐ြာေတြ လုပ္ၾကည့္လိုက္ေလ” လို႔ ဆိုပါတယ္။

စစ္အာဏာရွင္စနစ္ကို မလိုလားတဲ့ တေကာင္ဘိုးေက်း႐ြာအုပ္စုမွာ ၁ လကို ႐ြာသူႀကီး တေယာက္ႏႈန္း ေ႐ြးခ်ယ္တင္ေျမႇာက္ၿပီး အုပ္ခ်ဳပ္ဖို႔ ဗိုလ္တင္ဝင္းက အတင္းအဓမၼ ၿခိမ္းေျခာက္ဖိအားေပး ​ေစခိုင္းမႈေတြ ရွိတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

BGF ၁၀၁၄ တပ္ရင္းက ေဒသခံျပည္သူေတြကို အၾကမ္းဖက္စစ္ေကာင္စီရဲ႕ တပ္ေတြနဲ႔ ပူးေပါင္းၿပီး ၿခိမ္းေျခာက္တာ၊ အတင္းအဓမၼခိုင္းေစတာ၊ ေပၚတာဆြဲၿပီး လူသားဒိုင္းအျဖစ္ လမ္းျပ ခိုင္းတာေတြ ျပဳလုပ္ေနတယ္လို႔

ကရင္အမ်ိဳးသားအစည္းအ႐ုံး (ေကအန္ယူ) က သတင္းထုတ္ျပန္ထားပါတယ္။ ဒါ့အျပင္ ေဒသခံေတြရဲ႕ ေနအိမ္ေတြကို မီးရႈိ႕ဖ်က္ဆီးတာ၊ ေ႐ႊ၊ ေငြေတြနဲ႔ တိရစာၦန္ေတြကို ယူေဆာင္သတ္ျဖတ္တဲ့အျပင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို

ဆက္တိုက္က်ဴးလြန္ လုပ္ေဆာင္လာတယ္လို႔ ဆိုပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*