PDF များကို မထောက်ပံ့ရန် လုပ်ငန်းရှင်များ၊ လူမှုကူညီရေးအသင်းများ ကို ရဲချုပ်သန်းလှိုင်ခေါ်ယူ ခြိမ်းခြောက်

PDFများကို မထောက်ပံ့ရန် လုပ်ငန်းရှင်များ၊လူမှုကူညီရေးအသင်းများကို ရဲချုပ်သန်းလှိုင်ခေါ်ယူ ခြိမ်းခြောက်

စစ်ကိုင်းတွင် နယ်မြေစိုးမိုးမှု လုပ်ဆောင်လာနိုင်သည့် ပြည်သူ့ကာကွယ်ရေးတပ် PDF များကို မထောက်ပံ့ရန် စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုကူညီရေးအသင်းများကို စစ်ကောင်စီ၏ ရဲချုပ် သန်းလှိုင်က

ယနေ့ ခေါ်ယူ ခြိမ်းခြောက်ကြောင်း ဒေသခံများထံမှသိရှိရသည်။ စစ်ကိုင်းတိုင်းတွင် ရောက်ရှိပြီး စစ်ဆင်ရေးများကို ဦးဆောင် ထိန်းချုပ်ကွပ်ကဲနေသူ ရဲချုပ်သန်းလှိုင်က ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့

မုံရွာ စုပေါင်းရုံးမှာ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုကူညီရေးအသင်း အဖွဲ့စည်းများကို ခေါ်ယူတွေ့၍ ယင်းသို့ ပြောဆို ခြိမ်းခြောက်လာခြင်းဖြစသည်ဟု သိရှိရသည်။

ရဲချုပ်သန်းလှိုင်က စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို ကူညီထောက်ပံ့မှုမပြုလုပ်ကြရန် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းရှင်များ၊လူမှုကူညီရေးအသင်းများတို့ကို ခေါ်ယူတွေ့ဆုံခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

……………………

PDFမ်ားကို မေထာက္ပံ့ရန္ လုပ္ငန္းရွင္မ်ား၊လူမႈကူညီေရးအသင္းမ်ားကို ရဲခ်ဳပ္သန္းလႈိင္ေခၚယူ ၿခိမ္းေျခာက္

စစ္ကိုင္းတြင္ နယ္ေျမစိုးမိုးမႈ လုပ္ေဆာင္လာႏိုင္သည့္ ျပည္သူ႔ကာကြယ္ေရးတပ္ PDF မ်ားကို မေထာက္ပံ့ရန္ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ လူမႈကူညီေရးအသင္းမ်ားကို စစ္ေကာင္စီ၏ ရဲခ်ဳပ္ သန္းလႈိင္က

ယေန႔ ေခၚယူ ၿခိမ္းေျခာက္ေၾကာင္း ေဒသခံမ်ားထံမွသိရွိရသည္။ စစ္ကိုင္းတိုင္းတြင္ ေရာက္ရွိၿပီး စစ္ဆင္ေရးမ်ားကို ဦးေဆာင္ ထိန္းခ်ဳပ္ကြပ္ကဲေနသူ ရဲခ်ဳပ္သန္းလႈိင္က ယေန႔ ေအာက္တိုဘာလ ၂၈ ရက္ေန႔

မုံ႐ြာ စုေပါင္း႐ုံးမွာ စီးပြားေရးဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ အရပ္ဘက္လူမႈကူညီေရးအသင္း အဖြဲ႕စည္းမ်ားကို ေခၚယူေတြ႕၍ ယင္းသို႔ ေျပာဆို ၿခိမ္းေျခာက္လာျခင္းျဖစသည္ဟု သိရွိရသည္။

ရဲခ်ဳပ္သန္းလႈိင္က စစ္ကိုင္းတိုင္းအတြင္းရွိ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ားကို ကူညီေထာက္ပံ့မႈမျပဳလုပ္ၾကရန္ ဟိုတယ္ႏွင့္ခရီးသြားလာေရးလုပ္ငန္းရွင္မ်ား၊လူမႈကူညီေရးအသင္းမ်ားတို႔ကို ေခၚယူေတြ႕ဆုံၿခိမ္းေျခာက္ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*