တရုတ်နိုင်ငံအစိုးရမှ ရေနံသွင်းကုန်ခွဲတမ်းကို တန်ချိန် သန်း ၁၁၀ကျော်ထိ ချပေး

In China, private refineries are controlled by the government through import quotas. Each year, the government releases batch after batch of import quotas.

The Chinese government announced another batch of import quotas for crude oil refineries, allowing 44 private refineries to import 111.82 million metric tons of crude oil.

This is the second quota allocation for 2023. In October 2022, China issued quotas for 21 crude oil refineries to import 20 million metric tons in 2023.

Therefore, the oil import quota for 2023 is already 132 million tons. The company receiving the largest import quota in this batch is China’s largest private refinery

Zhejiang Petrochemical Corp (ZPC) received a quota of 20 million tons. Hengli Petrochemical received a quota of 14 million tons. Shenghong Petrochemical received a quota of 8 million tons.

gasoline for private refineries; diesel oil The Chinese government also imposed export quotas for jet fuel.

 

>>>>> Unicode <<<<<

 

တရုတ်နိုင်ငံတွင်ပုဂ္ဂလိကရေနံချက်စက်ရုံလုပ်ငန်းများကို သွင်းကုန်ခွဲတမ်းဖြင့် အစိုးရကချုပ်ကိုင်ထားသည်။နှစ်စဉ်နှစ်တိုင်းသွင်းကုန်ခွဲတမ်းကိုအသုတ်လိုက်တစ်သုတ်ပြီးတစ်သုတ် အစိုးရကချပေးသည်။

ရေနံစိမ်းသန့်စင်စက်ရုံများအတွက် နောက်ထပ်တစ်သုတ်တင်သွင်းမှုခွဲတမ်းကိုတရုတ်အစိုးရကကြေညာခဲ့ပြီး ပုဂ္ဂလိကသန့်စင်သည့်စက်ရုံ ၄၄ခုကို ရေနံစိမ်းမက်ထရစ်တန် ၁၁၁.၈၂သန်း တင်သွင်းရန်ခွင့်ပြုခဲ့သည်။

ယခုအကြိမ်သည် ၂၀၂၃အတွက်ဒုတိယအကြိမ်ခွဲတမ်းချပေးခြင်းဖြစ်သည်။၂၀၂၂ အောက်တိုဘာလတွင်တရုတ်အစုိးရသည်ရေနံစိမ်းသန့်စင်စက်ရုံ ၂၁ခုအတွက် မက်ထရစ်တန်ချိန် ၂၀သန်းကို ၂၀၂၃ခုနှစ်တွင် တင်သွင်းရန်ခွဲတမ်းချပေးခဲ့သည်။

သို့ဖြစ်ရာ ၂၀၂၃အတွက်ရေနံသွင်းကုန်ခွဲတမ်းချပေးထားသည်မှာ တန်ချိန် ၁၃၂သန်းရှိနေပြီဖြစ်သည်။ ယခုအသုတ်တွင်သွင်းကုန်ခွဲတမ်းအများဆုံးရရှိသည့်လုပ်ငန်းမှာ တရုတ်နိုင်ငံတွင်အကြီးမားဆုံးပုဂ္ဂလိကရေနံချက်လုပ်ငန်း

Zhejiang Petrochemical Corp (ZPC)ဖြစ်ပြီးတန်ချိန်သန်း၂၀ခွဲတမ်းရရှိသည်။Hengli Petrochemical ကတန်ချိန် ၁၄သန်းခွဲတမ်းရရှိသည်။Shenghong Petrochemical က တန်ချိန် ၈သန်း ခွဲတမ်းရရှိသည်။

ပုဂ္ဂလိကရေနံချက်စက်ရုံများအတွက် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီတို့အတွက် ပို့ကုန်ခွဲတမ်းကိုလည်းတရုတ်အစိုးရကချပေးသည်။

 

>>>>> Zawgyi <<<<<

 

တ႐ုတ္ႏိုင္ငံတြင္ပုဂၢလိကေရနံခ်က္စက္႐ုံလုပ္ငန္းမ်ားကို သြင္းကုန္ခြဲတမ္းျဖင့္ အစိုးရကခ်ဳပ္ကိုင္ထားသည္။ႏွစ္စဥ္ႏွစ္တိုင္းသြင္းကုန္ခြဲတမ္းကိုအသုတ္လိုက္တစ္သုတ္ၿပီးတစ္သုတ္ အစိုးရကခ်ေပးသည္။

ေရနံစိမ္းသန႔္စင္စက္႐ုံမ်ားအတြက္ ေနာက္ထပ္တစ္သုတ္တင္သြင္းမႈခြဲတမ္းကိုတ႐ုတ္အစိုးရကေၾကညာခဲ့ၿပီး ပုဂၢလိကသန႔္စင္သည့္စက္႐ုံ ၄၄ခုကို ေရနံစိမ္းမက္ထရစ္တန္ ၁၁၁.၈၂သန္း တင္သြင္းရန္ခြင့္ျပဳခဲ့သည္။

ယခုအႀကိမ္သည္ ၂၀၂၃အတြက္ဒုတိယအႀကိမ္ခြဲတမ္းခ်ေပးျခင္းျဖစ္သည္။၂၀၂၂ ေအာက္တိုဘာလတြင္တ႐ုတ္အစုိးရသည္ေရနံစိမ္းသန႔္စင္စက္႐ုံ ၂၁ခုအတြက္ မက္ထရစ္တန္ခ်ိန္ ၂၀သန္းကို ၂၀၂၃ခုႏွစ္တြင္ တင္သြင္းရန္ခြဲတမ္းခ်ေပးခဲ့သည္။

သို႔ျဖစ္ရာ ၂၀၂၃အတြက္ေရနံသြင္းကုန္ခြဲတမ္းခ်ေပးထားသည္မွာ တန္ခ်ိန္ ၁၃၂သန္းရွိေနၿပီျဖစ္သည္။ ယခုအသုတ္တြင္သြင္းကုန္ခြဲတမ္းအမ်ားဆုံးရရွိသည့္လုပ္ငန္းမွာ တ႐ုတ္ႏိုင္ငံတြင္အႀကီးမားဆုံးပုဂၢလိကေရနံခ်က္လုပ္ငန္း

Zhejiang Petrochemical Corp (ZPC)ျဖစ္ၿပီးတန္ခ်ိန္သန္း၂၀ခြဲတမ္းရရွိသည္။Hengli Petrochemical ကတန္ခ်ိန္ ၁၄သန္းခြဲတမ္းရရွိသည္။Shenghong Petrochemical က တန္ခ်ိန္ ၈သန္း ခြဲတမ္းရရွိသည္။

ပုဂၢလိကေရနံခ်က္စက္႐ုံမ်ားအတြက္ ဓာတ္ဆီ၊ ဒီဇယ္ဆီ၊ ေလယာဥ္ဆီတို႔အတြက္ ပို႔ကုန္ခြဲတမ္းကိုလည္းတ႐ုတ္အစိုးရကခ်ေပးသည္။

Published
Categorized as News

Leave a comment

Your email address will not be published. Required fields are marked *