တရုတ်နှစ်သစ်ကူးကာလအတွင်း နှမ်းနဲ့ မြေပဲဈေးနှစ်ဆမြင့်တက်သွား

January 23

The Mandalay Sesame Market reported that the price of sesame and peanuts doubled during the Chinese New Year period.

Due to the Chinese New Year, some of the China-Myanmar border crossings are closed, so the Chinese side made good purchases.

Last year, the price of groundnut whole rice went from 3,300 kyats per pound to 6,800 kyats at the beginning of 2023, and the price of three bags of black sesame seeds went from 185,000 kyats to 300,000 kyats.

Within a week, the price of sesame rose by more than 10,000 kyats per bag, and the top price of fennel rose to 310,000 kyats. It is said that the price of the white top is up to 300,000 Kyats.

As for the price of peanut rice, the price has risen to more than 400 kyats per pound, and the price of red rice is 6,700 to 6,900 kyats, and the price of white rice is 6,600 to 6,800 kyats.

Many kinds of black beans, green beans, It is reported that the prices of mung beans and ground beans have increased due to the fact that they are exported abroad.

In the Mandalay market these days, three baskets of Chinese exported corn kernels are selling at 61,000 kyats per bag, and green beans at 140,000 kyats per bag. 200,000 kyats per bag of beans

It is reported that the price of white beans is 128,000 kyats per bag and ground beans are priced at 137,000 kyats per bag.

 

<<<<< Unicode >>>>>

 

ဇန်နဝါရီ ၂၃

တရုတ်နှစ်သစ်ကူးအကြိုကာလတွေမှာနှမ်းနဲ့မြေပဲဈေးနှစ်ဆအထိမြင့်တက်သွားကြောင်းမန္တလေးပဲနှမ်းဈေးကွက်ကသိရပါတယ်။

နှစ်ကူးကြောင့်တရုတ်-မြန်မာနယ်စပ်ဂိတ်အချို့ ပိတ်ရက်တွေရှိနေတဲ့အတွက်တရုတ်ဘက်ကကြိုတင်ဝယ်ယူမှုတွေကြောင့်အရောင်းအဝယ်ကောင်းမွန်နေခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ယခင်နှစ်ကမြေပဲလုံးဆန်တစ်ပိဿာလျှင်ကျပ်၃၃၀၀မှ ယခု၂၀၂၃နှစ်စတွင်ကျပ်၆၈၀၀အထိဈေးရရှိခဲ့ပြီးစမုန်နှမ်းနက်သုံးတင်းဝင်တစ်အိတ်လျှင်ငွေကျပ်၁၈၅၀၀၀ မှ ယခုအခါငွေကျပ်သုံးသိန်းအထိဈေးကောင်းရတယ်လို့သိရပါတယ်။

တစ်ပတ်အတွင်းနှမ်းဈေးအနေနဲ့တစ်အိတ်ကိုကျပ်တစ်သောင်းကျော်ဈေးမြင့်တက်လာပြီးစမုန်နှမ်းထိပ်စဈေး၃၁၀၀၀၀ကျပ်၊ အဖြူထိပ်စဈေးကျပ်သုံးသိန်းထိဈေးရှိတယ်လို့သိရပါတယ်။

မြေပဲဆန်ဈေးအနေနဲ့တစ်ပိဿာကိုကျပ်၄၀၀ကျော်ထိဈေးတက်လာပြီးအနီဆန်ဈေးက၆၇၀၀ကနေ၆၉၀၀ကျပ်၊အဖြူဆန်ဈေးက၆၆၀၀ကနေ၆၈၀၀ကျပ်ဈေးနဲ့ ဆက်တိုက်အဝယ်လိုက်တယ်လို့သိရပါတယ်။

မန္တလေးကုန်စည်ဒိုင်ကိုပဲမျိုးစုံလှိုင်လှိုင်ဝင်ရောက်တဲ့အနက်ပဲတီစိမ်း၊မတ်ပဲ၊မြေထောက်ပဲတွေကပြည်ပတင်ပို့မှုရှိလို့အရောင်းအဝယ်သွက်ပြီးဈေးတက်လာတာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးဈေးကွက်တွင်ယခုရက်ပိုင်းတရုတ်ပို့ကုန်သုံးတင်းဝင်ပြောင်းဖူးစေ့တစ်အိတ်လျှင်ကျပ်၆၁၀၀၀၊ပဲတီစိမ်း တစ်အိတ်လျှင်ကျပ်၁၄၀၀၀၀၊ပဲလွန်းတစ်အိတ်လျှင် ကျပ်နှစ်သိန်း၊

ပဲလွန်းဖြူတစ်အိတ်လျှင်ကျပ်၁၂၈၀၀၀နှင့်မြေထောက်ပဲတစ်အိတ်လျှင် ကျပ်၁၃၇၀၀၀ပေါက်ဈေးရှိတယ်လို့သိရပါတယ်။

 

<<<<< Zawgyi >>>>>

 

ဇန္နဝါရီ ၂၃









Published
Categorized as News

Leave a comment

Your email address will not be published. Required fields are marked *