DICA ခွင့်ပြုထားတဲ့လုပ်ငန်းမှ ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်လျှောက်နိုင်မည် ဟု ဗဟိုဘဏ်မှဆို

January 23

U Aung Aung, Permanent Secretary of the Central Bank of Myanmar, said that foreign remittance business license applicants will be able to apply for businesses approved by the Department of Investment and Companies (DICA).

“If you want to apply for a foreign money transfer license, the Central Bank’s website provides information on how to apply. Applicants for a foreign money transfer license must be a business approved by DICA.

When connecting foreign remittance business with a foreign country, the connected business must have a valid remittance business license in the relevant country, and must submit a business plan on how to operate that business,” said U Aung Aung.

In addition, it is reported that the Central Bank of Myanmar will need to follow the procedures published when applying for a foreign remittance business license.

It is said that foreign money transfer business licenses are being issued with the aim of reducing illegal income transfer business between Myanmar and foreign countries and allowing legal money transfer business to emerge.

Currently, the Central Bank of Myanmar has already issued foreign remittance business licenses to 11 companies.

 

<<<<< Unicode >>>>>

 

ဇန်နဝါရီ ၂၃

ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားသူတွေအနေနဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ကလုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားတဲ့လုပ်ငန်းမှလျှောက် ထားနိုင်မယ်လို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့အမြဲတမ်းအတွင်းဝန်ဦးအောင်အောင်ကပြောပါတယ်။

“ပြည်ပငွေလွှဲလိုင်စင်လျှောက်ထားလိုရင်ဗဟိုဘဏ်ရဲ့ဝက်ဘ်ဆိုက်မှာလျှောက်ထားရမယ့်အချက်အလက်တွေဖော်ပြပေးထားပါတယ်။ပြည်ပငွေလွှဲလိုင်စင်လျှောက်ထားသူတွေကDICAကခွင့်ပြုထားတဲ့လုပ်ငန်းဖြစ်ရပါမယ်။

ပြည်ပငွေလွှဲလုပ်ငန်းကိုပြည်ပနိုင်ငံနဲ့ချိတ်ဆက်ဆောင်ရွက်တဲ့အခါချိတ်ဆက်တဲ့လုပ်ငန်းဟာသက်ဆိုင်ရာနိုင်ငံမှာတရားဝင်ငွေလွှဲလုပ်ငန်းလိုင်စင်ရှိရမှာဖြစ်ပြီးအဲ့လုပ်ငန်းနဲ့ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့Business Planတင်ပြရမှာဖြစ်ပါတယ်”လို့ဦးအောင်အောင်ကပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားရာမှာထုတ်ပြန်ထားတဲ့လုပ်ငန်းစဉ်တွေအတိုင်းဆောင်ရွက်ဖို့လိုမှာဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံနဲ့ပြည်ပနိုင်ငံတွေကြားမှာတရားမဝင်ငွေလွှဲလုပ်ငန်းတွေလျော့နည်းပြီးတော့ တရားဝင်ငွေလွှဲလုပ်ငန်းတွေပေါ်ပေါက်လာစေဖို့ရည်ရွယ်ပြီးပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်တွေကိုထုတ်ပေးနေတာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ကုမ္ပဏီ ၁၁ခုကို ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် ထုတ်ပေးထားပြီးဖြစ်တယ်လို့သိရပါတယ်။

 

<<<<< Zawgyi >>>>>

 

ဇန္နဝါရီ ၂၃







Published
Categorized as News

Leave a comment

Your email address will not be published. Required fields are marked *