ယခု ဘဏ္ဍာနှစ် ကိုးလခွဲကာလအတွင်း ပြည်ပကုန်သွယ်မှု လိုငွေ ဒေါ်လာသန်း ၄၀၀ ကျော်ဖြစ်ပေါ်

During the nine and a half months of the 2022-2023 fiscal year, the trade deficit in the foreign trade sector reached more than 400 million dollars, according to the trade statistics of the Ministry of Economy and Trade.

A trade deficit means that the value of imported goods from foreign countries is greater than the income from exports from Myanmar.

From April 1st to January 13th of 2022-2023 fiscal year, the total amount of foreign trade of Myanmar was 26,536,386 million dollars, and the export value was 13,060,807 million dollars.

Imports amounted to 13,475,579 million, resulting in a trade deficit of more than 414 million dollars.The total volume of trade through maritime trade is more than 20 billion dollars

It is reported that the trade deficit reached more than 3,300 million dollars. In border trade, more than 6 billion dollars were traded and the trade surplus was more than 2,900 million dollars.

Currently, Myanmar’s trade is conducted through both border trade routes and sea trade routes.

 

<<<<< Unicode >>>>>

 

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်ကိုးလခွဲကာလအတွင်းပြည်ပကုန်သွယ်မှုကဏ္ဍမှာကုန်သွယ်ရေးလိုငွေဒေါ်လာ သန်း၄၀၀ကျော်ထိဖြစ်ပေါ်နေတယ်လို့စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရဲ့ကုန်သွယ်မှုစာရင်းတွေအရသိရပါတယ်။

ကုန်သွယ်ရေးလိုငွေဆိုတာဟာမြန်မာနိုင်ငံကတင်ပို့ရတဲ့တင်ပို့ကုန်ဝင်ငွေထက်ပြည်ပနိုင်ငံတွေကတင်သွင်းရတဲ့တင်သွင်းကုန်ပမာဏတန်ဖိုးကပိုများနေတာကိုဆိုလိုတာဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်ဧပြီ၁ရက်မှ ဇန်နဝါရီ၁၃ရက်အထိမြန်မာနိုင်ငံရဲ့ပြည်ပကုန်သွယ်မှုစုစုပေါင်းပမာဏကဒေါ်လာ၂၆၅၃၆ဒသမ၃၈၆သန်းရရှိထားပြီးပို့ကုန်ပမာဏ ဒေါ်လာ ၁၃၀၆၀ဒသမ ၈၀၇သန်းနဲ့

သွင်းကုန်ပမာဏ၁၃၄၇၅ဒသမ၅၇၉သန်းအထိရှိလို့ကုန်သွယ်ရေးလိုငွေဒေါ်လာ ၄၁၄သန်းကျော်ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ပင်လယ်ရေကြောင်းကုန်သွယ်မှုကနေကုန် သွယ်မှုစုစုပေါင်းပမာဏကဒေါ်လာ ၂၀ဘီလီယံကျော်ဖြစ်ပြီး

ကုန်သွယ်ရေးလိုငွေကဒေါ်လာသန်း ၃၃၀၀ကျော်ထိရှိခဲ့တယ်လို့သိရပါတယ်။နယ်စပ်ကုန်သွယ်ရေးမှာတော့ ဒေါ်လာ ၆ဘီလီယံကျော်ကုန်သွယ်ထားပြီးကုန်သွယ်မှုပိုငွေ သန်း ၂၉၀၀ကျော်ရခဲ့တယ်လို့သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုကိုနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ပင်လယ်ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းနှစ်မျိုးစလုံးနဲ့ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

 

<<<<< Zawgyi >>>>>

 







Published
Categorized as News

Leave a comment

Your email address will not be published. Required fields are marked *