ဘတ်ငွေ မာနေခဲ့ရာမှ သောကြာနေ့ ဈေးပိတ်ချိန်၌ ပြန်အားပျော့လာခဲ့

ဘတ်ငွေသည် သောကြာနေ့ ဈေးပိတ်ချိန်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၅.၇၃ ရှိခဲ့ပြီး တနင်္လာနေ့တွင် ၃၅.၈၅ ဖြင့် ဈေးဖွင့်ခဲ့ရာ ပြန်အားပျော့သွားသည်။

ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ယခုသီတင်းပတ်အတွင်း 35.45 နှင့် 36.10 ကြားတွင် ရှိနေလိမ့်မည်ဟု ဈေးကွက်မဟာဗျူဟာမှူး Poon Panichpibool က ပြောကြားသည်။

လွန်ခဲ့သည့်လတွင် ဘတ်ငွေ၏ ဒေါ်လာနှင့် ငွေလဲနှုန်း ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Bloomberg က ဖော်ပြခဲ့သည်။

ထိုရေချိန်အမြင့်မှာ ဆက်ရှိနေအောင် ထိန်းပေးနိုင်သည့် တရုတ်ခရီးသွားများ အများအပြား ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခြင်း ကဲ့သို့သော အခြင်းအရာများ မရှိသဖြင့် ဘတ် ပြန်အားပျော့လာသည်။

ထို့ပြင် အမေရိကန် ဗဟိုဘဏ် Federal Reserve အတိုးနှုန်း ထပ်မံမြှင့်တင်ဦးမည်ကို စိုးရိမ်ခြင်းကြောင့်လည်း ဘတ် အားပျော့သည်။

ဒီဇင်ဘာလတွင် Federal Reserve အစည်းအဝေးကို စောင့်ကြည့်ကြရမည်ဟု Poon က ပြောကြားသည်။

ထိုင်းနိုင်ငံ ရွှေဈေးကိုလည်း စောင့်ကြည့်ဖို့လိုသည်ဟု Poon က အကြံပြုသည်။ ရွှေဈေးကျလျှင် ရင်းနှီးမြှုပ်နှံသူများက ရွှေများကို ကျဈေးဖြင့် ဝယ်ယူကြမည်ဖြစ်သဖြင့် ဘတ်ကို အားပျော့သွားစေသည်။

ထိုင်းနိုင်ငံ စီးပွားရေးသည် ဆက်လက်နာလန်ထနေဆဲဖြစ်ပြီး အရှိန်ကောင်းနေသဖြင့် ဘတ်ကို တန်ဖိုးထိန်းပေးထားမည်ရာ ဒေါ်လာနှင့် လဲနှုန်း 36 ပတ်လည်တွင် ရှိလိမ့်မည်ဟု Poon က ပြောကြားသည်။SourceးTHE NATION

 

<<<<< zawgyi >>>>>

 

ဘတ္ေငြသည္ ေသာၾကာေန႔ ေဈးပိတ္ခ်ိန္တြင္ အေမရိကန္တစ္ေဒၚလာလွ်င္ ၃၅.၇၃ ရွိခဲ့ၿပီး တနလၤာေန႔တြင္ ၃၅.၈၅ ျဖင့္ ေဈးဖြင့္ခဲ့ရာ ျပန္အားေပ်ာ့သြားသည္။

ေဒၚလာႏွင့္ ေငြလဲႏႈန္းတြင္ ယခုသီတင္းပတ္အတြင္း 35.45 ႏွင့္ 36.10 ၾကားတြင္ ရွိေနလိမ့္မည္ဟု ေဈးကြက္မဟာဗ်ဴဟာမႉး Poon Panichpibool က ေျပာၾကားသည္။

လြန္ခဲ့သည့္လတြင္ ဘတ္ေငြ၏ ေဒၚလာႏွင့္ ေငြလဲႏႈန္း ၆ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ေၾကာင္း Bloomberg က ေဖာ္ျပခဲ့သည္။

ထိုေရခ်ိန္အျမင့္မွာ ဆက္ရွိေနေအာင္ ထိန္းေပးႏိုင္သည့္ တ႐ုတ္ခရီးသြားမ်ား အမ်ားအျပား ထိုင္းႏိုင္ငံသို႔ လာေရာက္လည္ပတ္ျခင္း ကဲ့သို႔ေသာ အျခင္းအရာမ်ား မရွိသျဖင့္ ဘတ္ ျပန္အားေပ်ာ့လာသည္။

ထို႔ျပင္ အေမရိကန္ ဗဟိုဘဏ္ Federal Reserve အတိုးႏႈန္း ထပ္မံျမႇင့္တင္ဦးမည္ကို စိုးရိမ္ျခင္းေၾကာင့္လည္း ဘတ္ အားေပ်ာ့သည္။

ဒီဇင္ဘာလတြင္ Federal Reserve အစည္းအေဝးကို ေစာင့္ၾကည့္ၾကရမည္ဟု Poon က ေျပာၾကားသည္။

ထိုင္းႏိုင္ငံ ေ႐ႊေဈးကိုလည္း ေစာင့္ၾကည့္ဖို႔လိုသည္ဟု Poon က အႀကံျပဳသည္။ ေ႐ႊေဈးက်လွ်င္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက ေ႐ႊမ်ားကို က်ေဈးျဖင့္ ဝယ္ယူၾကမည္ျဖစ္သျဖင့္ ဘတ္ကို အားေပ်ာ့သြားေစသည္။

ထိုင္းႏိုင္ငံ စီးပြားေရးသည္ ဆက္လက္နာလန္ထေနဆဲျဖစ္ၿပီး အရွိန္ေကာင္းေနသျဖင့္ ဘတ္ကို တန္ဖိုးထိန္းေပးထားမည္ရာ ေဒၚလာႏွင့္ လဲႏႈန္း 36 ပတ္လည္တြင္ ရွိလိမ့္မည္ဟု Poon က ေျပာၾကားသည္။SourceးTHE NATION

Leave a comment

Your email address will not be published. Required fields are marked *