နိုဝင်ဘာ ၂၁
လာမယ့်ဒီဇင်ဘာလ ကြံရာသီစတင်ချိန် တရုတ်ကိုတင်ပို့မယ့် ကြံတစ်တန်ကို ကျပ်နှစ်သိန်းကျော်ထိ ဈေးရနိုင်တယ်လို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
လောက်ကိုင်၊ ချင်းရွှေဟော်၊ နမ့်ခင်းစတဲ့ဒေသတွေကစိုက်ပျိုးတဲ့ ကြံတွေကို တရုတ်နိုင်ငံကို တင်ပို့လေ့ရှိရာမှာ လက်ရှိ ငွေလဲနှုန်းအရ ကြံတစ်တန်ပေါက်ဈေး ကျပ် နှစ်သိန်းကျော်ထိ ရနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံကိုတင်ပို့ရာမှာ ကြံခုတ်ပြီး ၂၄ နာရီအတွင်း သကြားစက်ရုံအရောက်မတင်ပို့နိုင်ရင် ကြံချဉ်သွားနိုင်တဲ့အတွက် Green Channel တစ်ခုနဲ့ ဝင်ထွက်တင်ပို့နိုင်မှ အဆင်ပြေမှာဖြစ်ပြီး
ကိုဗစ်-၁၉နဲ့ သက်ဆိုင်တဲ့စစ်ဆေးမှုတွေကို လျင်မြန်စွာပြုလုပ်ပေးဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကသိရပါတယ်။
ဒီနှစ်ကြံရာသီအတွက် ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ ကြံဈေးကလည်းကောင်းမွန်ပြီး ပဲခူးအရှေ့ခြမ်းနဲ့ အနောက်ခြမ်းရှိ သကြားစက်ရုံတွေကကြံတစ်တန် ကြမ်းခင်းဈေး ကျပ် ၇၀၀၀၀ မှ ၇၅၀၀၀၊
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သကြားစက်တွေက ကြံတစ်တန် ကြမ်းခင်းဈေး ကျပ် ၉၀၀၀၀၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ သကြားစက်တွေက ကြံတစ်တန်ကြမ်းခင်းဈေး ကျပ် ၈၉၀၀၀ နဲ့ ဈေးနှုန်းသတ်မှတ်ဝယ်ယူကြတယ်လို့ သိရပါတယ်။
ကြံရာသီစတင်မယ့် ဒီဇင်ဘာလမှာ သယ်ယူပို့ဆောင်မယ့် ကြံကားတွေအတွက် ပြည်တွင်းစက်သုံးဆီလက်ကားကုမ္ပဏီတွေဆီက တိုက်ရိုက်ဝယ်ယူဖို့ သက်ဆိုင်ရာကိုတင်ပြခဲ့ရာမှာ အဆင်ပြေမှုရှိခဲ့တယ်လို့ သိရပါတယ်။
<<<<< zawgyi >>>>>
ႏိုဝင္ဘာ ၂၁
လာမယ့္ဒီဇင္ဘာလ ႀကံရာသီစတင္ခ်ိန္ တ႐ုတ္ကိုတင္ပို႔မယ့္ ႀကံတစ္တန္ကို က်ပ္ႏွစ္သိန္းေက်ာ္ထိ ေဈးရႏိုင္တယ္လို႔ ျမန္မာႏိုင္ငံသၾကားႏွင့္ႀကံထြက္ပစၥည္းလုပ္ငန္းရွင္မ်ားအသင္းက သိရပါတယ္။
ေလာက္ကိုင္၊ ခ်င္းေ႐ႊေဟာ္၊ နမ့္ခင္းစတဲ့ေဒသေတြကစိုက္ပ်ိဳးတဲ့ ႀကံေတြကို တ႐ုတ္ႏိုင္ငံကို တင္ပို႔ေလ့ရွိရာမွာ လက္ရွိ ေငြလဲႏႈန္းအရ ႀကံတစ္တန္ေပါက္ေဈး က်ပ္ ႏွစ္သိန္းေက်ာ္ထိ ရႏိုင္တာျဖစ္တယ္လို႔ သိရပါတယ္။
တ႐ုတ္ႏိုင္ငံကိုတင္ပို႔ရာမွာ ႀကံခုတ္ၿပီး ၂၄ နာရီအတြင္း သၾကားစက္႐ုံအေရာက္မတင္ပို႔ႏိုင္ရင္ ႀကံခ်ဥ္သြားႏိုင္တဲ့အတြက္ Green Channel တစ္ခုနဲ႔ ဝင္ထြက္တင္ပို႔ႏိုင္မွ အဆင္ေျပမွာျဖစ္ၿပီး
ကိုဗစ္-၁၉နဲ႔ သက္ဆိုင္တဲ့စစ္ေဆးမႈေတြကို လ်င္ျမန္စြာျပဳလုပ္ေပးဖို႔လိုအပ္တယ္လို႔ ျမန္မာႏိုင္ငံသၾကားႏွင့္ ႀကံထြက္ပစၥည္းလုပ္ငန္းရွင္မ်ားအသင္းကသိရပါတယ္။
ဒီႏွစ္ႀကံရာသီအတြက္ ျပည္တြင္းမွာျဖစ္ေပၚေနတဲ့ ႀကံေဈးကလည္းေကာင္းမြန္ၿပီး ပဲခူးအေရွ႕ျခမ္းနဲ႔ အေနာက္ျခမ္းရွိ သၾကားစက္႐ုံေတြကႀကံတစ္တန္ ၾကမ္းခင္းေဈး က်ပ္ ၇၀၀၀၀ မွ ၇၅၀၀၀၊
ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ သၾကားစက္ေတြက ႀကံတစ္တန္ ၾကမ္းခင္းေဈး က်ပ္ ၉၀၀၀၀၊ စစ္ကိုင္းတိုင္းေဒသႀကီးရွိသၾကားစက္ေတြက ႀကံတစ္တန္ၾကမ္းခင္းေဈး က်ပ္ ၈၉၀၀၀ နဲ႔ ေဈးႏႈန္းသတ္မွတ္ဝယ္ယူၾကတယ္လို႔ သိရပါတယ္။
ႀကံရာသီစတင္မယ့္ ဒီဇင္ဘာလမွာ သယ္ယူပို႔ေဆာင္မယ့္ ႀကံကားေတြအတြက္ ျပည္တြင္းစက္သုံးဆီလက္ကားကုမၸဏီေတြဆီက တိုက္႐ိုက္ဝယ္ယူဖို႔ သက္ဆိုင္ရာကိုတင္ျပခဲ့ရာမွာ အဆင္ေျပမႈရွိခဲ့တယ္လို႔ သိရပါတယ္။