ကျပ်သိန်းဆယ်ချီတဲ့ဈေးနဲ့ ပြည်တွင်းပြည်ပ ဝယ်လိုအားရှိနေတဲ့ ”ပင်လယ်ငါးစည်ဖောင်း”

နိုဝင်ဘာ ၂၁

မြန်မာနိုင်ငံက ပင်လယ်ငါးစည်ဖောင်းတွေ ကျပ်သိန်းဆယ်ချီတဲ့ဈေးနဲ့ ပြည်တွင်းပြည်ပဝယ်လိုအားရှိနေတယ်လို့ ငါးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“ပြီးခဲ့တဲ့လကဆိုရင် ၁၀သား ကပ်သမျှင်စည်ဖောင်းကို ကျပ် သိန်း ၃၀ ပေးဝယ်သွားတယ်။ အရည်အသွေးကောင်းရင်ကောင်းသလို သိန်း၅၀ ထိ ပေးဝယ်တာတွေတောင်ရှိတယ်။

တရုတ်ဝယ်လက်တွေများတယ် အခုထိဝယ်လိုအားက ကောင်းနေတာပဲ” လို့ ရေထွက်ကုန်စားသောက်ကုန်လုပ်ငန်း ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ဝယ်လက်တွေကငါးစည်ဖောင်းကိုရသလောက်ဝယ်ယူနေတဲ့အတွက်ဈေးကောင်းရနေတာဖြစ်ပြီးအရောင်းသွက်ပေမဲ့လတ်တလောအနေအထားအရငါးစည်ဖောင်းထုတ်တဲ့ငါး

ပင်လယ်ပြင်ကအရနည်းနေတယ်လို့ ပုသိမ်မြို့ရေလုပ်ငန်းတွေဆီကသိရပါတယ်။အရည်အသွေးကောင်းတဲ့ ငါးစည်ဖောင်းထုတ်တဲ့ငါး ဖမ်းဆီးရမိရင် ကျပ်သိန်း ၂၀၊ သိန်း ၃၀ စတဲ့

ကျပ်သိန်းဆယ်ချီတဲ့ဈေးနဲ့ အရောင်းအဝယ်ဖြစ်ပြီး ငါးစည်ဖောင်းတွေကို အရင်ကအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းကိုအဓိက တင်ပို့ရောင်းချနေပေမယ့်

လက်ရှိ ရန်ကုန်ဈေးကွက်ကတဆင့် တရုတ်ဝယ်လက်တွေကလည်း ဈေးကောင်းပေးဝယ်ယူမှုရှိနေတယ်လို့သိရပါတယ်။လက်ရှိ ပုသိမ်ဈေးကွက်ထဲ ရိုးရိုးငါးစည်ဖောင်းတွေကလည်းအရောင်းအဝယ်ဖြစ်နေပြီး

ငါးရွှေငါးစည်ဖောင်းခြောက် တစ်ပိဿာကို ကျပ် ၅၅၀၀၀၊ ငါးရောင်ငါးစည်ဖောင်းခြောက် တစ်ပိဿာကို ကျပ် ၂၇၀၀၀မှ ၂၉၅၀၀၊ ငါးပုတ်သင် ငါးစည်ဖောင်းခြောက် တစ်ပိဿာကို ကျပ် ၇၅၀၀၀ရှိတယ်လို့သိရပါတယ်။

ပင်လယ်ငါးစည်ဖောင်းတွေက အာဟာရဖြစ်စေပြီး ဆေးဖက်ဝင်ကြကာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့မူဆယ်၊မြဝတီ၊မြိတ်၊ထားဝယ်နဲ့ကော့သောင်းတို့ကနေ

တရုတ်၊ထိုင်း၊စင်ကာပူနဲ့ဂျပန်စတဲ့နိုင်ငံတွေကိုတင်ပို့ရောင်းချမှုတယ်လို့သိရပါတယ်။လက်ရှိ ရေလုပ်ငန်းတချို့ကလည်း ငါးခြောက်လုပ်ဖို့ ငါးခွဲတဲ့အခါ ငါးစည်ဖောင်းကို သီးခြားဖယ်ထားပြီး

နေလှန်းကာ ခြောက်သွေ့ပါက နှစ်ပေါက်အောင်သိမ်းဆည်းပြီး ဈေးကောင်းကောင်းနဲ့ ပြန်လည်ရောင်းချမှုရှိတယ်လို့ သိရပါတယ်။

 

<<<<< zawgyi >>>>>

 

ႏိုဝင္ဘာ ၂၁

ျမန္မာႏိုင္ငံက ပင္လယ္ငါးစည္ေဖာင္းေတြ က်ပ္သိန္းဆယ္ခ်ီတဲ့ေဈးနဲ႔ ျပည္တြင္းျပည္ပဝယ္လိုအားရွိေနတယ္လို႔ ငါးလုပ္ငန္းရွင္ေတြဆီက သိရပါတယ္။

“ၿပီးခဲ့တဲ့လကဆိုရင္ ၁၀သား ကပ္သမွ်င္စည္ေဖာင္းကို က်ပ္ သိန္း ၃၀ ေပးဝယ္သြားတယ္။ အရည္အေသြးေကာင္းရင္ေကာင္းသလို သိန္း၅၀ ထိ ေပးဝယ္တာေတြေတာင္ရွိတယ္။

တ႐ုတ္ဝယ္လက္ေတြမ်ားတယ္ အခုထိဝယ္လိုအားက ေကာင္းေနတာပဲ” လို႔ ေရထြက္ကုန္စားေသာက္ကုန္လုပ္ငန္း ပိုင္ရွင္တစ္ဦးကေျပာပါတယ္။

ဝယ္လက္ေတြကငါးစည္ေဖာင္းကိုရသေလာက္ဝယ္ယူေနတဲ့အတြက္ေဈးေကာင္းရေနတာျဖစ္ၿပီးအေရာင္းသြက္ေပမဲ့လတ္တေလာအေနအထားအရငါးစည္ေဖာင္းထုတ္တဲ့ငါး

ပင္လယ္ျပင္ကအရနည္းေနတယ္လို႔ ပုသိမ္ၿမိဳ႕ေရလုပ္ငန္းေတြဆီကသိရပါတယ္။အရည္အေသြးေကာင္းတဲ့ ငါးစည္ေဖာင္းထုတ္တဲ့ငါး ဖမ္းဆီးရမိရင္ က်ပ္သိန္း ၂၀၊ သိန္း ၃၀ စတဲ့

က်ပ္သိန္းဆယ္ခ်ီတဲ့ေဈးနဲ႔ အေရာင္းအဝယ္ျဖစ္ၿပီး ငါးစည္ေဖာင္းေတြကို အရင္ကအိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ထိုင္းကိုအဓိက တင္ပို႔ေရာင္းခ်ေနေပမယ့္

လက္ရွိ ရန္ကုန္ေဈးကြက္ကတဆင့္ တ႐ုတ္ဝယ္လက္ေတြကလည္း ေဈးေကာင္းေပးဝယ္ယူမႈရွိေနတယ္လို႔သိရပါတယ္။လက္ရွိ ပုသိမ္ေဈးကြက္ထဲ ႐ိုး႐ိုးငါးစည္ေဖာင္းေတြကလည္းအေရာင္းအဝယ္ျဖစ္ေနၿပီး

ငါးေ႐ႊငါးစည္ေဖာင္းေျခာက္ တစ္ပိႆာကို က်ပ္ ၅၅၀၀၀၊ ငါးေရာင္ငါးစည္ေဖာင္းေျခာက္ တစ္ပိႆာကို က်ပ္ ၂၇၀၀၀မွ ၂၉၅၀၀၊ ငါးပုတ္သင္ ငါးစည္ေဖာင္းေျခာက္ တစ္ပိႆာကို က်ပ္ ၇၅၀၀၀ရွိတယ္လို႔သိရပါတယ္။

ပင္လယ္ငါးစည္ေဖာင္းေတြက အာဟာရျဖစ္ေစၿပီး ေဆးဖက္ဝင္ၾကကာနယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္တဲ့မူဆယ္၊ျမဝတီ၊ၿမိတ္၊ထားဝယ္နဲ႔ေကာ့ေသာင္းတို႔ကေန

တ႐ုတ္၊ထိုင္း၊စင္ကာပူနဲ႔ဂ်ပန္စတဲ့ႏိုင္ငံေတြကိုတင္ပို႔ေရာင္းခ်မႈတယ္လို႔သိရပါတယ္။လက္ရွိ ေရလုပ္ငန္းတခ်ိဳ႕ကလည္း ငါးေျခာက္လုပ္ဖို႔ ငါးခြဲတဲ့အခါ ငါးစည္ေဖာင္းကို သီးျခားဖယ္ထားၿပီး

ေနလွန္းကာ ေျခာက္ေသြ႕ပါက ႏွစ္ေပါက္ေအာင္သိမ္းဆည္းၿပီး ေဈးေကာင္းေကာင္းနဲ႔ ျပန္လည္ေရာင္းခ်မႈရွိတယ္လို႔ သိရပါတယ္။

Published
Categorized as News

Leave a comment

Your email address will not be published. Required fields are marked *