ကမ္ဘာ့ဈေးကွက်ဝယ်လိုအားကောင်းနေတဲ့ မြန်မာ့ကွမ်းသီးကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက အခွန်ကင်းလွတ်တင်သွင်းခွင့်ပေး

နိုဝင်ဘာ ၂၁

မြန်မာနိုင်ငံမှ ကွမ်းသီးကိုတရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့် (ဝ%) ဖြင့်တင်သွင်းနိုင်မှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

ကမ္ဘာ့ကုန်သွယ်မှုမှာ ကွမ်းသီးဟာအရေးပါတဲ့သီးနှံတစ်ခုဖြစ်လာပြီး ကမ္ဘာ့ဈေးကွက်မှာ ကွမ်းသီးဝယ်လိုအားရှိလာချိန် အခွန်ကင်းလွတ်ခွင့်နဲ့ မြန်မာ့ကွမ်းသီးတွေတင်ပို့နိုင်တာဟာ အခွင့်ကောင်းတစ်ရပ်ဖြစ်လို့

အားစိုက်လုပ်ဆောင်ဖို့ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။ကွမ်းသီးကမ္ဘာ့ဈေးကွက်တစ်ဝက်ခန့်ကို အိန္ဒိယက ဖြန့်ဝေနေကာ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊မလေးရှား၊

မြန်မာနှင့်သီရိလင်္ကာစတဲ့နိုင်ငံတွေက ကွမ်းသီးကမ္ဘာ့ဈေးကွက်ဝေစုကို အများဆုံးရယူထားတဲ့နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။ကွမ်းသီးအဓိကတင်သွင်းနေတဲ့ထိပ်တန်း(၅)နိုင်ငံကတော့ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အီရန်၊ တရုတ်တို့ဖြစ်ကြပြီး

အာရှနိုင်ငံတွေမဟုတ်တဲ့အာရပ်စော်ဘွားများနိုင်ငံ၊မော်လ်ဒိုက်နှင့်အမေရိကန်ပြည်ထောင်စုတို့ကလည်း ကွမ်းသီးတင်သွင်းမှုတွေ ဆောင်ရွက်လာကြတယ်လို့ သိရပါတယ်။

ကွမ်းသီး ကမ္ဘာ့ဈေးကွက်ဝယ်လိုအားကောင်းလာခြင်းမှာ ကွမ်းသီးအခြေခံကုန်ကြမ်းကိုအသုံးပြုပြီး မိတ်ကပ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းနဲ့ ဆေးဆိုးခြင်းလုပ်ငန်းတွေမှာ အဓိကအသုံးပြုလာကြတယ်လို့သိရပါတယ်။

တရုတ်နိုင်ငံမှာ ကွမ်းသီးကို ချောကလက်မုန့်လုပ်ငန်းတွေမှာသုံးပြီး အိန္ဒိယမှာ ဆာရီအရောင်ဆိုးခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်းတွေမှာသုံးတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံမှာတော့ အခြားနိုင်ငံတွေနဲ့မတူဘဲ သစ်သားထုတ်လုပ်ခြင်းလုပ်ငန်း၊ သတ္တုဆေးမှုတ်ခြင်းလုပ်ငန်းတွေမှာသုံးသလို

တချို့နိုင်ငံတွေက ကွမ်းသီးကိုအမှုန့်အဖြစ်ကြိတ်ပြီး တစ်ခြားသောဓါတုပစ္စည်းတွေနဲ့ ပေါင်းစပ်ကာ(ရေမွှေးသုံး)ရနံ့အဆီအဖြစ်လည်းထုတ်လုပ်တယ်လို့ သိရပါတယ်။

 

<<<<< zawgyi >>>>>

 

ႏိုဝင္ဘာ ၂၁

ျမန္မာႏိုင္ငံမွ ကြမ္းသီးကိုတ႐ုတ္ႏိုင္ငံႏွင့္ထိုင္းႏိုင္ငံသို႔ အခြန္ကင္းလြတ္ခြင့္ (ဝ%) ျဖင့္တင္သြင္းႏိုင္မွာျဖစ္တယ္လို႔ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက သိရပါတယ္။

ကမာၻ႔ကုန္သြယ္မႈမွာ ကြမ္းသီးဟာအေရးပါတဲ့သီးႏွံတစ္ခုျဖစ္လာၿပီး ကမာၻ႔ေဈးကြက္မွာ ကြမ္းသီးဝယ္လိုအားရွိလာခ်ိန္ အခြန္ကင္းလြတ္ခြင့္နဲ႔ ျမန္မာ့ကြမ္းသီးေတြတင္ပို႔ႏိုင္တာဟာ အခြင့္ေကာင္းတစ္ရပ္ျဖစ္လို႔

အားစိုက္လုပ္ေဆာင္ဖို႔ ကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕က တိုက္တြန္းထားပါတယ္။ကြမ္းသီးကမာၻ႔ေဈးကြက္တစ္ဝက္ခန႔္ကို အိႏၵိယက ျဖန႔္ေဝေနကာ ျမန္မာအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံေတြျဖစ္တဲ့ အင္ဒိုနီးရွား၊မေလးရွား၊

ျမန္မာႏွင့္သီရိလကၤာစတဲ့ႏိုင္ငံေတြက ကြမ္းသီးကမာၻ႔ေဈးကြက္ေဝစုကို အမ်ားဆုံးရယူထားတဲ့ႏိုင္ငံျဖစ္တယ္လို႔ သိရပါတယ္။ကြမ္းသီးအဓိကတင္သြင္းေနတဲ့ထိပ္တန္း(၅)ႏိုင္ငံကေတာ့ ထိုင္းႏိုင္ငံ၊ ဘဂၤလားေဒ့ရွ္၊ အိႏၵိယ၊ အီရန္၊ တ႐ုတ္တို႔ျဖစ္ၾကၿပီး

အာရွႏိုင္ငံေတြမဟုတ္တဲ့အာရပ္ေစာ္ဘြားမ်ားႏိုင္ငံ၊ေမာ္လ္ဒိုက္ႏွင့္အေမရိကန္ျပည္ေထာင္စုတို႔ကလည္း ကြမ္းသီးတင္သြင္းမႈေတြ ေဆာင္႐ြက္လာၾကတယ္လို႔ သိရပါတယ္။

ကြမ္းသီး ကမာၻ႔ေဈးကြက္ဝယ္လိုအားေကာင္းလာျခင္းမွာ ကြမ္းသီးအေျခခံကုန္ၾကမ္းကိုအသုံးျပဳၿပီး မိတ္ကပ္ထုတ္လုပ္ျခင္းလုပ္ငန္း၊ ေဆးဝါးထုတ္လုပ္ေရးလုပ္ငန္းနဲ႔ ေဆးဆိုးျခင္းလုပ္ငန္းေတြမွာ အဓိကအသုံးျပဳလာၾကတယ္လို႔သိရပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ကြမ္းသီးကို ေခ်ာကလက္မုန႔္လုပ္ငန္းေတြမွာသုံးၿပီး အိႏၵိယမွာ ဆာရီအေရာင္ဆိုးျခင္း၊ ေဆးဝါးထုတ္လုပ္ျခင္းေတြမွာသုံးတယ္လို႔ သိရပါတယ္။

အေမရိကန္ႏိုင္ငံမွာေတာ့ အျခားႏိုင္ငံေတြနဲ႔မတူဘဲ သစ္သားထုတ္လုပ္ျခင္းလုပ္ငန္း၊ သတၱဳေဆးမႈတ္ျခင္းလုပ္ငန္းေတြမွာသုံးသလို

တခ်ိဳ႕ႏိုင္ငံေတြက ကြမ္းသီးကိုအမႈန႔္အျဖစ္ႀကိတ္ၿပီး တစ္ျခားေသာဓါတုပစၥည္းေတြနဲ႔ ေပါင္းစပ္ကာ(ေရေမႊးသုံး)ရနံ႔အဆီအျဖစ္လည္းထုတ္လုပ္တယ္လို႔ သိရပါတယ္။

Published
Categorized as News

Leave a comment

Your email address will not be published. Required fields are marked *