ဥရောပကုန်သည်များ ရုရှားဒီဇယ်ဆီများအလျင်စလိုသိုလှောင်နေကြ

၂၀၂၃ ဖေဖော်ဝါရီလတွင် ဥရောပသမဂ္ဂမှ တားမြစ်ပိတ်ပင်မှု မစတင်မီတွင် ဥရောပကုန်သည်များသည် ဒေသတွင်းရှိ လှောင်ကန်များကို ရုရှားဒီဇယ်ဆီဖြည့်ရန် အလျင်စလို လုပ်ဆောင်နေကြသည်။

ရုရှားဒီဇယ် အစားထိုး ရနိုင်သည့် ရင်းမြစ်များထံမှ လိုသလောက် မရနိုင်သဖြင့် ယခုအခါ ရုရှားဒီဇယ်ဆီ ဝယ်ယူသိုလှောင်နေကြသည်။ဥရောပသည် ရုရှားဒီဇယ်ဆီကို အားကိုးအားထား ပြုနေရသော်လည်း

၂၀၂၃ ဖေဖော်ဝါရီလ ၅ ရက်တွင် အီးယူက ရုရှားရေနံထုတ်ကုန်များကို ပိတ်ပင်တော့မည် ဖြစ်သည်။၂၀၂၂ ဒီဇင်ဘာလတွင် ရုရှားရေနံစိမ်းကို စတင်ပိတ်ပင်မည် ဖြစ်သည်။

ဥရောပသို့ ရုရှားဒီဇယ် ပို့ဆောင်သည့် ပမာဏသည် နိုဝင်ဘာလ ၁ ရက်မှ ၁၂ ရက်အထိကာလအတွင်း တစ်ရက်လျှင် စည်ပေါင်း ၂၁၅,၀၀၀ သို့ရောက်ရှိခဲ့သည်ဟုစွမ်းအင်လေ့လာဆန်းစစ်ရေးလုပ်ငန်း Vortexa မှ

အကြီးတန်း ဈေးကွက်ဆန်းစစ်သူ Pamela Munger က ပြောကြားသည်။ဥရောပ တင်သွင်းသည့် ဒီဇယ်စုစုပေါင်း၏ ၄၄% သည် ရုရှားဒီဇယ် ဖြစ်သည်အထိ မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် ၃၉% ရှိ‌ခဲ့ကြောင်း Refinitiv အချက်အလက်များတွင် ဖော်ပြထားသည်။ ယခင်က ၅၀% ကျော်အထိရှိခဲ့ပြီး ယူကရိန်း ကျုးကျော်စစ်ကြောင့် လျော့ကျခဲ့သည်။

သို့သော် ရုရှားသည် ဥရောပသို့ ဒီဇယ်အများဆုံး တင်ပို့သည့်နိုင်ငံ ဖြစ်နေဆဲ ဖြစ်သည်။Source Reuters

 

<<<<< zawgyi >>>>>

 

၂၀၂၃ ေဖေဖာ္ဝါရီလတြင္ ဥေရာပသမဂၢမွ တားျမစ္ပိတ္ပင္မႈ မစတင္မီတြင္ ဥေရာပကုန္သည္မ်ားသည္ ေဒသတြင္းရွိ လွာင္ကန္မ်ားကို ႐ုရွားဒီဇယ္ဆီျဖည့္ရန္ အလ်င္စလို လုပ္ေဆာင္ေနၾကသည္။

႐ုရွားဒီဇယ္ အစားထိုး ရႏိုင္သည့္ ရင္းျမစ္မ်ားထံမွ လိုသေလာက္ မရႏိုင္သျဖင့္ ယခုအခါ ႐ုရွားဒီဇယ္ဆီ ဝယ္ယူသိုေလွာင္ေနၾကသည္။ဥေရာပသည္ ႐ုရွားဒီဇယ္ဆီကို အားကိုးအားထား ျပဳေနရေသာ္လည္း

၂၀၂၃ ေဖေဖာ္ဝါရီလ ၅ ရက္တြင္ အီးယူက ႐ုရွားေရနံထုတ္ကုန္မ်ားကို ပိတ္ပင္ေတာ့မည္ ျဖစ္သည္။၂၀၂၂ဒီဇင္ဘာလတြင္ ႐ုရွားေရနံစိမ္းကို စတင္ပိတ္ပင္မည္ ျဖစ္သည္။

ဥေရာပသို႔ ႐ုရွားဒီဇယ္ ပို႔ေဆာင္သည့္ ပမာဏသည္ ႏိုဝင္ဘာလ ၁ ရက္မွ ၁၂ ရက္အထိကာလ အတြင္းတစ္ရက္လွ်င္စည္  ​ေပါင္း ၂၁၅,၀၀၀ သို႔ေရာက္ရွိခဲ့သည္ဟုစြမ္းအင္ေလ့လာဆန္းစစ္ေရးလုပ္ငန္း Vortexa မွ

အႀကီးတန္း ေဈးကြက္ဆန္းစစ္သူ Pamela Munger က ေျပာၾကားသည္။ဥေရာပ တင္သြင္းသည့္ ဒီဇယ္စုစုေပါင္း၏ ၄၄% သည္ ႐ုရွားဒီဇယ္ ျဖစ္သည္အထိ ျမင့္တက္လာခဲ့သည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလတြင္ ၃၉% ရွိ‌ခဲ့ေၾကာင္း Refinitiv အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။ ယခင္က ၅၀% ေက်ာ္အထိရွိခဲ့ၿပီး ယူကရိန္း က်ဳးေက်ာ္စစ္ေၾကာင့္ ေလ်ာ့က်ခဲ့သည္။

သို႔ေသာ္ ႐ုရွားသည္ ဥေရာပသို႔ ဒီဇယ္အမ်ားဆုံး တင္ပို႔သည့္ႏိုင္ငံ ျဖစ္ေနဆဲ ျဖစ္သည္။Source Reuters

Published
Categorized as News

Leave a comment

Your email address will not be published. Required fields are marked *