နိုဝင်ဘာ ၂၂
နိုင်ငံတကာဈေးနှုန်းပေါ်မူတည်နေတဲ့ မြန်မာ့ရော်ဘာတွေကို ဒေါ်လာငွေကြေးတည်ငြိမ်ပြီး တင်ပို့မှုမူဝါဒတွေမပြောင်းလဲရင်အခုဘဏ္ဍာနှစ်ထဲတန်ချိန်သုံးသိန်းခွဲအထိ တင်ပို့ဖို့စီစဉ်ထားတယ်လို့
မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကသိရပါတယ်။မြန်မာ့ရော်ဘာဟာ ပြည်တွင်းသုံးစွဲမှုနည်းပြီး ပြည်ပတင်ပို့မှုသာအဓိကဖြစ်လို့ နိုင်ငံတကာဈေးအပေါ်မူတည်နေကာ
လက်ရှိ ကမ္ဘာ့ရော်ဘာပေါက်ဈေးက အကျဘက်ကိုရောက်နေတယ်လို့ဆိုပါတယ်။လက်ရှိ ကမ္ဘာ့ရော်ဘာပေါက်ဈေးက တစ်တန်ကို ဒေါ်လာ ၁၅၀၀ ဝန်းကျင်သာရှိပြီး
ယခင်က ရော်ဘာတစ်တန်ကို ဒေါ်လာ ၂၀၀၀ ဝန်းကျင်ဈေးရခဲ့တယ်လို့သိရပါတယ်။ပြည်တွင်းမှာတော့ ရော်ဘာတစ်ပေါင်ကို ၁၂၀၀ မှ ၁၂၅၀ ကျပ်ကြား အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
ရော်ဘာကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးပြီး စိုက်ဧက ၁၆ သိန်းကျော်ရှိကာ တစ်နှစ်ထက် တစ်နှစ် ရော်ဘာထုတ်လုပ်မှု မြင့်တက်လာတယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာ့ရော်ဘာ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေတာဖြစ်ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊အိန္ဒိယ နဲ့ ဂျပန်နိုင်ငံတို့ကိုလည်းတင်ပို့လျက်ရှိကာ
ပင်လယ်ရေကြောင်းကတင်ပို့ နေတာဖြစ်တယ်လို့ သိရပါတယ်။
<<<<< zawgyi >>>>>
ႏိုဝင္ဘာ ၂၂
ႏိုင္ငံတကာေဈးႏႈန္းေပၚမူတည္ေနတဲ့ ျမန္မာ့ေရာ္ဘာေတြကို ေဒၚလာေငြေၾကးတည္ၿငိမ္ၿပီး တင္ပို႔မႈမူဝါဒေတြမေျပာင္းလဲရင္အခုဘ႑ာႏွစ္ထဲတန္ခ်ိန္သုံးသိန္းခြဲအထိ တင္ပို႔ဖို႔စီစဥ္ထားတယ္လို႔
ျမန္မာႏိုင္ငံေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းကသိရပါတယ္။ျမန္မာ့ေရာ္ဘာဟာ ျပည္တြင္းသုံးစြဲမႈနည္းၿပီး ျပည္ပတင္ပို႔မႈသာအဓိကျဖစ္လို႔ ႏိုင္ငံတကာေဈးအေပၚမူတည္ေနကာ
လက္ရွိ ကမာၻ႔ေရာ္ဘာေပါက္ေဈးက အက်ဘက္ကိုေရာက္ေနတယ္လို႔ဆိုပါတယ္။လက္ရွိ ကမာၻ႔ေရာ္ဘာေပါက္ေဈးက တစ္တန္ကို ေဒၚလာ ၁၅၀၀ ဝန္းက်င္သာရွိၿပီး
ယခင္က ေရာ္ဘာတစ္တန္ကို ေဒၚလာ ၂၀၀၀ ဝန္းက်င္ေဈးရခဲ့တယ္လို႔သိရပါတယ္။ျပည္တြင္းမွာေတာ့ ေရာ္ဘာတစ္ေပါင္ကို ၁၂၀၀ မွ ၁၂၅၀ က်ပ္ၾကား အေရာင္းအဝယ္ျဖစ္တယ္လို႔ သိရပါတယ္။
ေရာ္ဘာကို မြန္ျပည္နယ္၊ တနသၤာရီတိုင္းေဒသႀကီးတို႔မွာ အမ်ားဆုံးစိုက္ပ်ိဳးၿပီး စိုက္ဧက ၁၆ သိန္းေက်ာ္ရွိကာ တစ္ႏွစ္ထက္ တစ္ႏွစ္ ေရာ္ဘာထုတ္လုပ္မႈ ျမင့္တက္လာတယ္လို႔ သိရပါတယ္။
လက္ရွိ ျမန္မာ့ေရာ္ဘာ ၇၅ ရာခိုင္ႏႈန္းကို တ႐ုတ္ႏိုင္ငံသို႔ အဓိက တင္ပို႔ေနတာျဖစ္ၿပီး မေလးရွား၊ အင္ဒိုနီးရွား၊ စင္ကာပူ၊ ကိုရီးယား၊အိႏၵိယ နဲ႔ ဂ်ပန္ႏိုင္ငံတို႔ကိုလည္းတင္ပို႔လ်က္ရွိကာ
ပင္လယ္ေရေၾကာင္းကတင္ပို႔ ေနတာျဖစ္တယ္လို႔ သိရပါတယ္။