ပြင်ပငွေကြေးဈေးကွက်မှာ ဒေါ်လာအရောင်းအဝယ်ပုံမှန်အတိုင်းသာရှိ

နိုဝင်ဘာ ၂၃

လတ်တလောပြင်ပငွေကြေးဈေးကွက်မှာ ဒေါ်လာအရောင်းအဝယ်ပုံမှန်အတိုင်းသာရှိနေပြီး ပြင်ပဒေါ်လာဈေး အမေရိကန်တစ်ဒေါ်လာကို ၂၉၀၀ ကျပ် ဝန်းကျင်မှာ ရှိနေတယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။

နိုဝင်ဘာလဆန်းပိုင်းမှာ ပြင်ပဒေါ်လာဈေး တစ်ဒေါ်လာ ၃၀၀၀ ကျပ်ဝန်းကျင်မှာရှိနေခဲ့ပြီး လဝက်လောက်မှစတင်ကာ တစ်ဒေါ်လာ ၂၉၀၀ ကျပ် ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်ခဲ့ကြသလို

ဒီနေ့နေ့လည် ၁ နာရီ ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာ ၂၉၀၀ ကျပ်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းရွှေနဲ့ငွေကြေးဈေးကွက်တည်ငြိမ်စေဖို့

သက်ဆိုင်ရာ ဌာနတွေနဲ့ လုပ်ဆောင်လျက်ရှိပြီး သတ်မှတ်ဒေါ်လာဈေးနဲ့ အရောင်းအဝယ်မလုပ်တဲ့ လိုင်စင်ရလုပ်ငန်းတွေကို ဖျက်သိမ်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဗဟိုဘဏ်သတ်မှတ်ဒေါ်လာဈေး ကျပ် ၂၁၀၀ ဖြစ်ပေမယ့် ပြင်ပဈေးအတိုင်း ရောင်းဝယ်နေတဲ့ လိုင်စင်ထုတ်ပေးထားတဲ့ ငွေလဲကောင်တာတွေကို ဗဟိုဘဏ်က အရေးယူမှုတွေလည်း လုပ်ဆောင်ထားပြီး

အောက်တိုဘာ ၁၇ ရက်က သတ်မှတ်ထားတဲ့ ဥပဒေကို ဖောက်ဖျက်လို့ Thomas Khanno ကုမ္ပဏီ Moneny Changer လိုင်စင်ကို ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။

Family Moe Paing ကုမ္ပဏီကိုလည်း သတ်မှတ်ထားတဲ့ ဥပဒေဖောက်ဖျက်လို့ စက်တင်ဘာ ၁၉ ရက်မှ စတင်ကာ လိုင်စင် သုံးလ ဆိုင်းငံ့ကာ ၎င်းတို့ ရန်ကုန်မှာ ဖွင့်ထားတဲ့

ငွေလဲကောင်တာ ငါးခုကိုလည်း နိုင်ငံခြားသုံးငွေ ဝယ်ယူ၊ ရောင်းချခြင်းတွေ ဆောင်ရွက်ခွင့်မရှိလို့ ကြေညာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အခြားတရားမဝင် ပြင်ပဒေါ်လာအရောင်းအဝယ်လုပ်နေသူတွေကို ဆက်လက်အရေးယူသွားမယ်လို့ ဗဟိုဘဏ်က ကြေညာထားပါတယ်။

 

<<<<< zawgyi >>>>>

 

ႏိုဝင္ဘာ ၂၃

လတ္တေလာျပင္ပေငြေၾကးေဈးကြက္မွာ ေဒၚလာအေရာင္းအဝယ္ပုံမွန္အတိုင္းသာရွိေနၿပီး ျပင္ပေဒၚလာေဈး အေမရိကန္တစ္ေဒၚလာကို ၂၉၀၀ က်ပ္ ဝန္းက်င္မွာ ရွိေနတယ္လို႔ ျပင္ပႏိုင္ငံျခားေငြေၾကးလဲလွယ္သူေတြဆီက သိရပါတယ္။

ႏိုဝင္ဘာလဆန္းပိုင္းမွာ ျပင္ပေဒၚလာေဈး တစ္ေဒၚလာ ၃၀၀၀ က်ပ္ဝန္းက်င္မွာရွိေနခဲ့ၿပီး လဝက္ေလာက္မွစတင္ကာ တစ္ေဒၚလာ ၂၉၀၀ က်ပ္ ဝန္းက်င္မွာ အေရာင္းအဝယ္ျဖစ္ခဲ့ၾကသလို

ဒီေန႔ေန႔လည္ ၁ နာရီ ျပင္ပေဈးကြက္မွာ တစ္ေဒၚလာ ၂၉၀၀ က်ပ္ဝန္းက်င္ရွိတယ္လို႔ သိရပါတယ္။ဗဟိုဘဏ္အေနနဲ႔ ျပည္တြင္းေ႐ႊနဲ႔ေငြေၾကးေဈးကြက္တည္ၿငိမ္ေစဖို႔

သက္ဆိုင္ရာ ဌာနေတြနဲ႔ လုပ္ေဆာင္လ်က္ရွိၿပီး သတ္မွတ္ေဒၚလာေဈးနဲ႔ အေရာင္းအဝယ္မလုပ္တဲ့ လိုင္စင္ရလုပ္ငန္းေတြကို ဖ်က္သိမ္းတာေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

ဗဟိုဘဏ္သတ္မွတ္ေဒၚလာေဈး က်ပ္ ၂၁၀၀ ျဖစ္ေပမယ့္ ျပင္ပေဈးအတိုင္း ေရာင္းဝယ္ေနတဲ့ လိုင္စင္ထုတ္ေပးထားတဲ့ ေငြလဲေကာင္တာေတြကို ဗဟိုဘဏ္က အေရးယူမႈေတြလည္း လုပ္ေဆာင္ထားၿပီး

ေအာက္တိုဘာ ၁၇ ရက္က သတ္မွတ္ထားတဲ့ ဥပေဒကို ေဖာက္ဖ်က္လို႔ Thomas Khanno ကုမၸဏီ Moneny Changer လိုင္စင္ကို ဖ်က္သိမ္းခဲ့တယ္လို႔ သိရပါတယ္။

Family Moe Paing ကုမၸဏီကိုလည္း သတ္မွတ္ထားတဲ့ ဥပေဒေဖာက္ဖ်က္လို႔ စက္တင္ဘာ ၁၉ ရက္မွ စတင္ကာ လိုင္စင္ သုံးလ ဆိုင္းငံ့ကာ ၎တို႔ ရန္ကုန္မွာ ဖြင့္ထားတဲ့

ေငြလဲေကာင္တာ ငါးခုကိုလည္း ႏိုင္ငံျခားသုံးေငြ ဝယ္ယူ၊ ေရာင္းခ်ျခင္းေတြ ေဆာင္႐ြက္ခြင့္မရွိလို႔ ေၾကညာခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ အျခားတရားမဝင္ ျပင္ပေဒၚလာအေရာင္းအဝယ္လုပ္ေနသူေတြကို ဆက္လက္အေရးယူသြားမယ္လို႔ ဗဟိုဘဏ္က ေၾကညာထားပါတယ္။

Published
Categorized as News

Leave a comment

Your email address will not be published. Required fields are marked *