အခုနှစ်ကော်ဖီရာသီအစမှာ ထိုင်းဝယ်လက်တွေ ဒေသအရောက်ကွင်းဆင်းဝယ်ယူမှုကြောင့် ယခင်နှစ်ထက် ကော်ဖီဈေးနှုန်း သုံးဆခန့်အထိ ဈေးပိုမိုရရှိနေတယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းက သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က ကော်ဖီစေ့တစ်ပိဿာကို ငွေကျပ် ၈၀၀ ဝန်းကျင်သာရရှိခဲ့ပေမယ့် အခုနှစ် ကော်ဖီစတင်ထွက်ရှိချိန် ကော်ဖီစေ့တစ်ပိဿာကို ငွေကျပ် ၂၅၀၀ ကျော် အထိ ဈေးရရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
ပြည်တွင်းမှာ ကော်ဖီကို နိုဝင်ဘာလမှ မတ်လအထိ ဆွတ်ခူးလေ့ရှိပြီး အခုနှစ် ကော်ဖီရာသီအစမှာပင် ထိုင်းဝယ်လက်တွေက ဒေသအရောက်ကွင်းဆင်းဝယ်ယူကြခြင်းဖြစ်တယ်လို့ သိရပါတယ်။
ပြည်တွင်းကထွက်ရှိတဲ့ ကော်ဖီစေ့တွေကို ပြည်ပသို့တင်ပို့ရာမှာ ကော်ဖီရာသီသိမ်းတဲ့ ဧပြီလနဲ့မေလမှစတင်ကာ နိုဝင်ဘာလထိ တင်ပို့ရလေ့ရှိတယ်လို့ သိရပါတယ်။
ကော်ဖီကို မန္တလေးတိုင်းဒေသကြီးး ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အများဆုံးစိုက်ပျိုးပြီး အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း အနည်းငယ်စိုက်ပျိုးကြကြောင်း သိရပါတယ်။
<<<<<< Zawgyi >>>>>
အခုႏွစ္ေကာ္ဖီရာသီအစမွာ ထိုင္းဝယ္လက္ေတြ ေဒသအေရာက္ကြင္းဆင္းဝယ္ယူမႈေၾကာင့္ ယခင္ႏွစ္ထက္ ေကာ္ဖီေဈးႏႈန္း သုံးဆခန႔္အထိ ေဈးပိုမိုရရွိေနတယ္လို႔ ျမန္မာႏိုင္ငံေကာ္ဖီအသင္းက သိရပါတယ္။
ၿပီးခဲ့တဲ့ႏွစ္က ေကာ္ဖီေစ့တစ္ပိႆာကို ေငြက်ပ္ ၈၀၀ ဝန္းက်င္သာရရွိခဲ့ေပမယ့္ အခုႏွစ္ ေကာ္ဖီစတင္ထြက္ရွိခ်ိန္ ေကာ္ဖီေစ့တစ္ပိႆာကို ေငြက်ပ္ ၂၅၀၀ ေက်ာ္ အထိ ေဈးရရွိေနတာျဖစ္တယ္လို႔ သိရပါတယ္။
ျပည္တြင္းမွာ ေကာ္ဖီကို ႏိုဝင္ဘာလမွ မတ္လအထိ ဆြတ္ခူးေလ့ရွိၿပီး အခုႏွစ္ ေကာ္ဖီရာသီအစမွာပင္ ထိုင္းဝယ္လက္ေတြက ေဒသအေရာက္ကြင္းဆင္းဝယ္ယူၾကျခင္းျဖစ္တယ္လို႔ သိရပါတယ္။
ျပည္တြင္းကထြက္ရွိတဲ့ ေကာ္ဖီေစ့ေတြကို ျပည္ပသို႔တင္ပို႔ရာမွာ ေကာ္ဖီရာသီသိမ္းတဲ့ ဧၿပီလနဲ႔ေမလမွစတင္ကာ ႏိုဝင္ဘာလထိ တင္ပို႔ရေလ့ရွိတယ္လို႔ သိရပါတယ္။
ေကာ္ဖီကို မႏၲေလးတိုင္းေဒသႀကီးး ျပင္ဦးလြင္ၿမိဳ႕နယ္နဲ႔ ရွမ္းျပည္နယ္တို႔မွာ အမ်ားဆုံးစိုက္ပ်ိဳးၿပီး အျခားတိုင္းနဲ႔ျပည္နယ္ေတြမွာလည္း အနည္းငယ္စိုက္ပ်ိဳးၾကေၾကာင္း သိရပါတယ္။