ကမ္ဘာ့လူဦးရေ မိုင်တိုင်အသစ်ကို ဖြတ်ကျော်ခဲ့သည်။ ယခုအခါ ခန့်မှန်းခြေအားဖြင့် ကမ္ဘာ့လူဦးရေ ၈ ယီလီယံ ကျော်သွားပြီ ဖြစ်သည်။
၎င်းလူဦးရေတွင် ၅၆ ဒသမ ၂ ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ကြပါသည်။ ထိုသို့ ကမ္ဘာ့လူဉီးရေ၏ ထက်ဝက်ကျော်တို့ မြို့ပြတွင် နေထိုင်ကြရာတွင် မြို့ပြနေ လူဦးရေ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာနေပါသည်။
၂၀၃၀ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ကြလိမ့်မည်ဟု ခန့်မှန်းထားပါသည်။
မြို့ကြီးများသည် မီဂါစီးတီးများအဖြစ်သို့ ကြီးထွားစေပြီး တိုးနေသည့် မြို့ပြလူဦးရေကို လက်ခံပေးနေကြပါသည်။
ကုလသမဂ္ဂ၏ အဆိုအရ မီဂါအဆင့် မြို့ကြီးတစ်မြို့သည် လူဦးရေ ၁၀ သန်းနှင့် အထက်ရှိသည်။ယခုအခါ မီဂါစီတီး ၃၇ မြို့ ရှိနေပြီး ၂၀၃၀ တွင် ၄၁ မြို့အထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြပါသည်။
WorldAtlas မှ ထုတ်ပြန်သည့် လူဦးရေ အများဆုံး ထိပ်န်း ၁၀ မြို့ စာရင်းကို ဖော်ပြအပ်ပါသည်။
တိုကျို၊ဂျပန်
ဒေလီ၊ အိန္ဒိယ
ရှန်ဟိုင်း၊ တရုတ်
ဒါကာ၊ ဘင်္ဂလားဒေ့ရှ်
ဆောပေါလို၊ ဘရာဇီး
မက္ကဆီကိုစီးတီး၊ မက္ကဆီကို
ကိုင်ရို၊ အီဂျစ်
ပေကျင်း၊ တရုတ်
မွမ်ဘိုင်း၊ အိန္ဒိယ
အိုဆာကာ၊ ဂျပန်
<<<<< zawgyi >>>>>
တိုကျို၊ဂျပန်
ဒေလီ၊ အိန္ဒိယ
ရှန်ဟိုင်း၊ တရုတ်
ဒါကာ၊ ဘင်္ဂလားဒေ့ရှ်
ဆောပေါလို၊ ဘရာဇီး
ကိုင်ရို၊ အီဂျစ်
ပေကျင်း၊ တရုတ်
မွမ်ဘိုင်း၊ အိန္ဒိယ
အိုဆာကာ၊ ဂျပန်